Pages

Monday, October 29

ဦးနှောက်ကျန်းမာရေး ထိခိုက်မှုများစေသော ဖုန်း(၁၀)လုံး





ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Spe
cific Absorption Rate (SAR) သတ်မှတ်ပါတယ်။ ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။ ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။ ၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။


၁၀။ Motorola W385

ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။ အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။ တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။ ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။ Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။


၈။ Motorola i335

၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။ လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold

ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။ Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။ သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။ ၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost

Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။ ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300

ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။ လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။ ၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro

၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။ Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio

Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။ GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global

သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။ Droid 2 လို့လည်း လူသိများပါတယ်။ user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။


၁။ Motorola Bravo

Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။ Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့ ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။


ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။ အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။

Ref: gizmocrazed.com

အောင်ခမ်း (TSJ team)
အားလုံးကိုလေးစားလျက်....

Sunday, October 28

သီတင်းကျွတ်မှာ Desktop ပေါ်ကနေ မီးပူဇော်ရအောင်


ကဲ ဒီတစ်ခါတော့  သီတင်းကျွတ်မှာ အိမ်မှာလည်း မီးထွန်းမယ်။ မိမိ ကွန်ပျူတာ ပေါ်မှာပါ မီးထွန်းချင်သူများအတွက် ဆီမီးခွက်လေးတွေနဲ့ မီးပုံးလေးတွေ ပါတဲ့ ဆော့ဝဲလေးတစ်ခု တင်ပေးလိုက်ပါတယ်ခင်ဗျာ။  နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ် ။ တော်တော်လေးလည်း လှတယ်ပြောရမှာပဲ။ အဲ တစ်ခုတော့ရှိတာပေါ့ဗျာ ။ နောက်ခံ background လေးက အိမ်လေးနဲ့ မီးထွန်းတဲ့ ပုံလေးဆိုရင် ပိုပြီးလှတာပေါ့။ အကြံပေးတာပါ။ စိတ်ကြိုက်ဖန်တီးကြည့်ပေါ့ဗျာ။ အသုံးပြုပုံကတော့ လွယ်လွယ်လေးပါ။  စိုးသူလုပ်ထားတဲ့နှမူနာပုံလေးကို ပြပါ့မယ်။


Thursday, October 25

ပဲပင်ပေါက် အကျိုးကျေးဇူးများ







ပဲရဲ့ ကျန်းမာရေးအကျိုးကျေးဇူးဟာ အညှောက်ပေါက်သွားတဲ့အခါမှာ အမြင့်ဆုံးဖြစ်သွားပါတယ်။ ပဲပင်ပေါက်မှာ အင်ဇိုင်းတွေ၊ ပရိုတင်းဓာတ်တွေ ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာအမိုင်နိုအက်စစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အပြင် ဗီတာမင်(အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ကေ)၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ပိုတက်စီယမ် ၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ် ၊ မဂ္ဂနီဆီယမ် တို့ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာ ကြေညက်လွယ်တဲပ အာဟာရဓာတ် အများအပြား ပါဝင်တာကြောင့် ပဲပင်ပေါက်ရဲ့ အကျိုးကျေးဇူးကို သိနိုင်အောင် လေ့လာသူတွေက လေ့လာဖော်ပြထားပါတယ်။

သွေးအားနည်းရောဂါကို သက်သာစေခြင်း 

ပဲပင်ပေါက်မှာ သံဓာတ်များစွာပါင်ဝင်တာကြောင့် သွေးနီဆဲလ်မှာတွေ့ရတဲ့ ဟေမိုဂလိုဘင် တည်ဖောက်မှုမှာ အရေးပါ ပါတယ်။  ဒါ့အပြင် ပဲပင်ပေါက်မှာ ဗီတာမင်စီ မမြင့်မားတဲ့ ပမာဏ ပါဝင်မှုရှိတာကြောင့် အူကနေ သံဓာတ်စုပ်ယူမှုကိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သံဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါဖြစ်နေရင်လည်း ကုသနိုင်ပါတယ်။

နှလုံးသွေးကြောများကို ကျန်းမာစေခြင်း 

အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းစတာတွေမှာ တွေ့ရများတဲ့ ပြည့်ဝဆီကု မှီဝမှု လျော့ချရင်း ပဲပင်ပေါက်ကို ပုံမှန်စားသုံးပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LD ကိုလျော့ကျစေပါတယ်။ အကြောင်းကတော့ ပဲပင်ပေါက်မှာ အမျှင်ဓာတ်နဲ့ လက်စီသင် ပါဝင်လို့ဖြစ်တယ်။ ပဲပင်ပေါက်ဟာ နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံးရောဂါ မှာ အဖြစ်များဆုံး ရောဂါဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ 
 

ဝမ်းမှန်မှန်သွားစေခြင်း

ပဲပင်ပေါက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တဲ့ လက္ခဏာကို သက်သာစေပါတယ်။ 

ဆံပင်နှင့် လက်သည်း ကို ကျန်းမာစေခြင်း

အာဟာရတချို့ ချို့တဲ့မှုကြောင့် ဆံပင်တွေ ကျိုးပြတ်တာ၊ လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်တာတို့ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပရိုတင်းဓာတ် ၊ ဗီတာမင်နဲ့ ဇင့်(သွပ်) ဓာတ်တို့ ချို့တဲ့တာ ကြောင့်ဖြစ်တတ်ပါတယ်။ ပဲပင်ပေါက်မှာ  ဒီအာဟာရဓာတ်တွေ အများအပြား ပါဝင်တဲ့ အတွက် ဆံပင် သားနဲ့ လက်သည်း၊ ခြေသည်းပြဿနာတို့ မဖြစ်အောင် ကာကွယ် နိုင်သလို ဖြစ်နေရင်လည်း ကုသပေးနိုင်ပါတယ်။

အသည်းကိုကျန်းမာစေခြင်း 

ပဲပင်ပေါက်မှာ လက်ဆီသင် ပမာဏ များစွာပါဝင်တဲ့ အပြင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေကာအသည်းမှာ အဆီကပ်ငြိမှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ အသည်းထိခိုက်မှု အခြအနေတစ်ရပ်ဖြစ်တဲ့ အသည်းအဆီဖုံးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သွေးဆုံးချိန် ဝေဒနာများကို သက်သာစေခြင်း

ပဲပင်ပေါက်မှာ အီစထရိုဂျင်လို အာနိသင်ပေးနိုင်တဲ့ ဖိုင်တိုအီစထရိုဂျင်များ စွာပါဝင်ပါတယ်။  ဒါကြောင့် သွေးဆုံးချိန်နဲ့ ဆက်စပ်နေတဲ့ ရင်တုန်တာ၊ ညဘက်ပူလောင်ပြီး ချွေးထွက်တာစတဲ့ ဝေဒနာတွေ သက်သာစေပါတယ်။ သွေးဆုံး ဝေဒနာအများစုက အီစထရိုဂျင်အဆင့် လျော့နည်းလို့ဖြစ်တာတာပါ။ ပဲပင်ပေါက်မှာတွေ့ရတဲ့ ဖိုင်တိုအီစထရိုဂျင် တွေဟာ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ အရိုးပါးရောဂါမဖြစ်အောင် လည်း ကာကွယ်ပေးပါတယ်။

အရေပြားကို အိုမင်းမှု တားပေးသော အစွမ်းရှိခြင်း

ပဲပင်ပေါက်မှာ အတွေ့များတဲ့ ဖိုင်တိုအီစထရိုဂျင်ဟာ  အရေပြားတည်ဆောက်မှုမှာအရေးပါတဲ့ ကော်လာဂျင်၊ အီလက်စတင်နဲ့ ဟိုင်ရာလူရိုးနစ်အက်စစ် တို့ တည်ဆောက်မှုကို ကောင်းမွန်စေပါတယ်။ ပဲပင်ပေါက်ဟာ အရေပြားတင်းရင်းမှုနဲ့ အစိုဓာတ်လျော့ကျမှုကြောင့် ဖြစ်တဲ့ အရေပြားအိုမင်းတဲ့ ဖြစ်စဉ်ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

စိတ်ဖိစီးမှုနှင့် မောပန်းမှုကို လျော့ကျစေခြင်း

ပဲပင်ပေါက်မှာ စွမ်းအင်နဲ့ တခြား အာဟာရဓတ်ြတွေ အများအပြား ပါဝင်တာကြောင့် စိတ်ဖိစီးမှုနဲ့ မောပန်းမှုတို့ကြောင့် ဖြစ်လာတဲ့ ဝေဒနာတွေကို သက်သာလျော့ပါးစေပါတယ်။

ကြယ်စင်

အားလုံးကိုလေးစားလျက်....

Allok Videos joiner + crack


ဒီတစ်ခါတော့ အစ်မ ချစ်စံအိမ် မေးလာတာနဲ့ ချက်ချင်းရှာတင်ပေးလိုက်တာ။ တခြားလိုတဲ့သူတွေ ရှိချင် ရှိလိမ့်မယ်ဆိုပြီးတော့။  ဒီကောင်လေးက ဗွီဒီယိုဖိုင်လေးတွေကို ပေါင်းစည်းပေးတာဖြစ်ပါတယ်။ crack ဖိုင်လေးပါ ပါတယ်။ သုံးနည်းက အရင်ဆုံး Allok_vjoiner exe ဖိုင်လေးကို install လုပ်လိုက်ပါ။ ပြီးရင် ပိတ်ပါ ။ ပိတ်ပြီးမှ crack ဖိုင်လေးကို install လုပ်ပါ ။ ဒါဆိုရင် Full version ဖြစ်သွားပါပြီ။ အသုံးပြုနည်းက လွယ်လွယ်လေပါ။  Desktop ပေါ်က Allok Video Joiner shortcut  လေးကို ကလစ်ပေးလိုက်ပါ။ မိမိလိုချင်တဲ့ ဗွီဒီယိုဖိုင်လေးတွေကိုထည့်ပါ။ ပြီးရင် Join ဆိုတာလေးကို နှိပ်လိုက်ယုံပါပဲ။ ဘယ်လောက်လွယ်လဲ။ ကဲအဆင်ပြေပါစေနော်။  အသုံးလိုမည့်သူများအောက်မှာ ဒေါင်းလိုက်ပါ။ 


To download >> Mediafire

ဒီကောင်လေးရေးတာ ...ဒီကောင်မလေး ဖြစ်သွားတယ်...တောင်းပန်ပါတယ်ဗျာ.......
အားလုံးကိုလေးစားလျက်......

Wednesday, October 24

Internet Download Manager 6.12 beta22 Final + crack


ကဲဒီတစ်ခါတော့ IDM last version လေးတင်ပေးလိုက်ပါတယ်။ အရင်ကောင်လေးတွေက ဘာလို့လည်း မသိဘူး။ ကောင်းကောင်းအလုပ်မလုပ်တော့ဘူး။  9 days left တို့ဘာတို့ပေါ်လာတယ်။အဲဒါ တခြားသူတွေလည်းအဆင်ပြေအောင်ဆိုပြီး  ရှာဖွေပြီးတင်ပေးလိုက်ပါတယ်။ crack နည်းလေးက အရင်ဆုံး IDM.exe လေးကို  install လုပ်ပြီးရင် patch ဖိုင်လေးကို run ပါ။ ပြီး patch ဆိုတာလေးကို ကလစ်ပေးပါ။  အဲဒီမှာ C:program ထဲက IDM.exe (ကမ္ဘာလုံး ပုံလေး) ကို ရွေးပါ။Open ပေးပါ။ ပြီးရင် မိမိ နှစ်သက်သော နာမည် နှစ်ခါပေးပါ။ ဒါဆိုရင် crack လုပ်ပြီးဖြစ်ပါတယ်။ မရှင်းရင် အောက်မှာပုံလေးနဲ့ပြထားပါတယ်ဗျာ။

အဆင့်(၁)

Tuesday, October 23

မြန်မာလက်ကွက် လေ့ကျင့်ဖို့ ဆော့ဝဲ


ဒီတစ်ခါတော့ Teach space journal မှာတွေ့လို့ ပြန်လည် ဝေမျှလိုက်ပါတယ်။ မြန်မာလက်ကွက် မကျွမ်းကျင်သေးသောသူများအတွက်ပါ။ ဒါပေ့မယ့် ဒီလိုဆော့ဝဲလေးတွေကို အင်တာနက် မသုံးတဲ့သူ တွေ အတွက်ပိုကောင်း တယ်လို့ထင်တယ်။  အင်တာနက်သုံးတတ်တဲ့သူ အတွက်ကတော့ မလိုအပ်ဘူးလို့ထင်တယ်။ အိမ်မှာရှိတဲ့ တူလေးတွေ တူမလေးတွေ လိုမျိုးပေါ့။  ကွန်ပျုတာနဲ့ စတင်ထိတွေ့မယ့် လူတွေအတွက်အသုံးဝင်ပါတယ်။ ကျွန်တော်စသင်တုန်းက လည်း ဒီလို Typing လေးတွေနဲ့ ပဲသင်ခဲ့ရတယ်။ မြန်မာဖောင့်တော့ မဟုတ်ဘူးပေါ့။ မြန်မာဖောင့် က အင်တာနက် စသုံးခါစမှာ ကောင်းကောင်းရိုက်တတ်တာ။ ကဲလေကြောရှည်နေမိပြီ။ အသုံးလိုမည့်သူများ အောက် မှာ ဒေါင်းယူလိုက်ပါ။ 




To download >> Mediafire 

To download >> Adrive

အားလုံးကိုလေးစားလျက်....

ရွှေဧည့်သည် (၅၀၀၀၀) ပြည့်ခြင်း




ဒီနေ့ အရမ်းပျော်တယ်ဗျာ..ဘလော့စလုပ်တုန်းက လူမလာလောက်ဖူးလို့ပဲ ထင်ထားတာ.....ကျွန်တော်က ဝါသနာအရ ဘလော့လုပ်တာဆိုတော့..ဒီလောက်လူလာတယ်ဆိုတာကို အတိုင်းမသိ ပီတီဖြစ်မိတယ်....visitors ငါးသောင်းထိပြည့်လာမယ်လို့ ထင်မထားဘူး...ဘာလို့လည်းဆိုတော့ ဘလော့စလုပ်ကတည်းကတစ်နေ့ကို လာလူက ငါးဆယ် ခုနှစ်ဆယ်လောက်ပဲ...အဓိက က visitor မလာတာ လာတာ အရေးမကြီးပါဘူးဗျာ...ဘလော့လေး ရေးနေရရင်ပဲ ..ပီတီဖြစ်နေတာ.....ပြီးတော့ အံလည်းသြတယ်...ပြောမယ်ဆိုရင် ကျွန်တော့်ဘလော့လေးက ပြောလောက်အောင် လည်းအစုံမဟုတ်ပါဘူး..အရမ်းကို နည်းနည်းပါးပါးလေး တင်ထားတာပါ..ဒါတောင် မျက်စိလည်ပြီး ရောက်လာပါလားလို့ ထင်မိတယ်.....တတ်လို့သိလို့ လုပ်တာ မဟုတ်ပါဘူး..ဝါသနာအရပါ....အဲလိုဝါသနာအရကိုမှ ကွန်မန့်လေးတွေပေးတာတို့ ၊ c-box မှာ ပြောတာတို့တွေ့ရင် ဘာပဲပြောပြော ရေးအားရှိတာတော့အမှန်ပဲ....ကျေးဇူးတင်ပါတယ်လို့ပြောသွားရင် သူတို့ကို ကျွန်တော် ပိုပြီးတော့တောင်ကျေးဇူးတင် မိတယ်....ကျေးဇူးတင်ခံချင်လို့တော့မ ဟုတ်ပါဘူး..သူတို့အတွက် နည်းနည်းလေးအသုံးဝင်ပါလားဆိုပြီး ပီတီဖြစ်မိတာပါ....ဘလော့ရေးတာက ကျွန်တော့်အတွက် စိတ်ပျော်ရွှင်မှု တစ်ခုကိုလည်းဖြစ်စေတယ်.....အားရင် အားသလို ပို့စ်တင်ဖြစ်ပါတယ်....ကောင်းတယ် ..သိသင့်တယ်ထင်တဲ့ အကြောင်းအရာလေးတွေကို မျှဝေပါတယ်.. ဖေ့ဘွတ်မှာ တွေ့တာ.. အင်တာနက်မှာ ..ရှာလို့တွေ့တာလေးတွေပေါ့.....ကျွန်တော့် ဘလော့လေးကို အသုံးမဝင်မှာအရမ်းစိုးမိတယ်....ရေးလို့ရသလောက်..မျှဝေလို့ရသလောက်ထိတော့ ဒီဘလော့လေးကို ..အချိန်ပေးပြီး လုပ်နေအုံးမှာပါ....ဘာပဲဖြစ်ဖြစ်ပါ....ဘယ်လို အကြောင်းမျိုးကြောင့်ပဲ ရောက်လာရောက်လာ ...ကျွန်တော့် ဘလော့လေး ကို လာလည်ကြတဲ့ မိတ်ဆွေ ၊သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်.......


အားလုံးကိုလေးစားလျက်......

Monday, October 22

Miscrosoft Office 2007 + serial key


ဒီတစ်ခါတော့ Miscrosoft Office ဆော့ဝဲလေးတင်ပေးလိုက်ပါတယ်။ မရှိသေးသောသူများအတွက်ပါ။ Key လည်းပါတယ်။ အဲဒီကောင်လေးကို install  လုပ်ပြီးပြီဆိုရင် word ဖိုင်ကနေ Pdf ဖိုင်ပြောင်းဖို့အတွက် Saveas PDFandXPS ဆိုတဲ့ ဖိုင်လေးကို ဖြေပြီး   install လုပ်ပေးပါ။ ဒါဆိုရင် PDF converter ကို တကူးတက ရှာစရာမလိုတော့ပါဘူး။ အသုံးလိုမည့်သူများအောက်မှာဒေါင်းလိုက်ပါ။ Mediafire နဲ့က ဖိုင် (၃) ဖိုင်ပါ။ Adrive နဲ့ကတော့ တစ်ဖိုင်တည်းဖြစ်ပါတယ်။

 
To download >> part 1      part 2     part 3

To download >> Adrive

အဆင်ပြေပါစေ....

အားလုံးကိုလေးစားလျက်......

Sunday, October 21

PIXresizer software (ဓာတ်ပုံများအကြီးချဲ့ရန်)


ဒီတစ်ခါ ဓာတ်ပုံလေးတွေကိုအကြီးချဲ့ပေးတဲ့ ဆော့ဝဲလေးတစ်ခုတင်ပေးလိုက်ပါတယ်။ တစ်ချို့ အင်တာနက်ကနေ ဒေါင်းလော့ချတဲ့ပုံလေးတွေက သေးသေးလေးတွေဖြစ်နေတတ်ပါတယ်။ အကြီးချဲ့ဖို့ရာ CS 5 တို့  CS 6 တို့ မရှိသူများအတွက် ဒီကောင်လေးက အလွယ်တကူအကြီးချဲ့ပေးပါလိမ့်မယ်။ အရည်သွေးက အနည်းငယ်သာ ကျသွားပါတယ်။ တော်တော်ကိုကောင်းပါတယ်။ ကျွန်တော် အရင်တုန်းက Microsoft offic picture manager ကိုသုံးပါတယ် ။ အဲဒီကောင်လေးကိုသုံးတုန်းက အရည်သွေးကတော်တော်ကို ကျပါတယ်။ ဝါးတားတားပဲမြင်ရတယ်။ ဒါပေ့မယ့် Pix resizer ကကျတော့ ပြောလောက်အောင် သိသိသာသာကြီး ကျမသွားပါဘူး။ တော်တော်ကောင်းတယ်လို့ပြောရ မှာပဲ။ ဖိုင်ဆုဒ်ကလည်း ဘယ်လောက်မှမရှိဘူး ။သေးသေးလေးပါ။ 


အသုံးပြုနည်းကတော့ ဆော့ဝဲလေးကို install လုပ်ပြီးရင်အောက်ကပုံလေးကိုသာ ကြည့်လိုက်ပါ။ 




To download >> Mediafire

To download >> Adrive

အဆင်ပြေကြပါစေ...

အားလုံးကိုလေးစားလျက်....

ကွန်ပျူတာ ဟာသ





ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကို လုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ
စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက်လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။

ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။

ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင့်ဖြစ်သည်။ စိတ်မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင် ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။

CPU heat မတက်စေရန် ကွန်ပြူတာဖင်ကို ရေစိမ်ပြီးသုံးပါ။ လိုအပ်ပါက သုံးသူကိုယ်တိုင်ပါ စိမ်ကောင်းစိမ်ရ လိမ့်မည်။ ရေစိမ်လို့မှ အဆင်မပြေလျှင် ရေခဲတိုက်ထဲ သွားသုံးပါ။

ကွန်ပြူတာကို ပုံမှန်အပူချိန်ထက် ပိုမမြင့်ပါစေနှင့်။ အပူချိန်ကြီးလာပါက ရေခဲဝတ်အုပ်ပေးပါ။ သို့မှသာ ကွန်ပြူတာတုပ်ကွေးမ၀င်မှာ ဖြစ်သည်။

အပူချိန်မြင့်နေသော ကွန်ပြူတာကို လေတိုက်ထဲမထားပါနှင့်။ တတ်နိုင်သမျှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေပါစေ။ ပလတ်စတစ်အိတ်နှင့်ထုပ်ထားပါ။ တိပ်နှင့်ကပ်ထားပါ။ အခြေအနေပေးပါက ဖီနိုင်း ပရော်ပါ နော်လမင်း မပါသော ဖလူဇာကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။(ရေအေးဖြင့်သာတိုက်ပါ)

ဗိုင်းရပ်စ် ၀င်မ၀င် စစ်ရန် အန်တီဗိုင်းရပ်စ်ကိုသုံးပါ။ လိုအပ်လျှင် အန်တီဗိုင်းရပ်စ်၏ ယောကျာ်း အန်ကယ်ဗိုင်းရပ်စ် ကိုပါ ခေါ်ပြီးရှာခိုင်းပါ။

အန်တီနှင့် အန်ကယ် ဗိုင်းရပ်စ်လင်မယားမှ ကွန်ပြူတာတွင် ဗိုင်းရပ်စ် ၊ ပိုးကောင်၊ ကုတ်ကမြင်းများ ၀င်ရောက်နေသည်ကို အချက်ပြလျှင် အထူးဂရုစိုက်ပါ။ ချက်ချင်း ဇာဂနာ ဖြင့် ကလော်ထုတ်လိုက်ပါ။ ပိုသေချာစေရန် ပုရွက်ဆိတ်ဆေး ၊ ကြမ်းပိုးဆေး၊ ခြဆေး များလည်း ထည့်ပေးပါ။

အပတ်စဉ် ခြင်နိုင်ဆေး မှုတ်ပေးပါ။ ကွန်ပြူတာအနီး ခြင်ယင် ပိုးမွှားများမလာရောက်စေရန် ခြင်ထောင်ချထားပေးလျှင်လည်း အဆင်ပြေပါမည်။

ကွန်ပြူတာအသုံးများပြီး motherboard လောင်ပါက fatherboard ပြောင်းတပ်ပါ။ ထို့နောက်မှ တစ်ဆင့် sonboard ၊ daughterboard ၊ စသဖြင့် ဆွေမျိုးစုံအောင်တပ်ပါ။ တစ် board မဟုတ် တစ် board နှင့် အဆင်ပြေပါလိမ့်မယ်။
From: Facebook 

အားလုံးကိုလေးစားလျက်....

Saturday, October 20

သစ်ရွက်ခြောက် တောက်တဲ့



Facebook မှာတွေ့လို့ ပြန်ရှယ်လိုက်တာ။ တောက်တဲ့တော့ ငယ်ငယ်ကတည်းကကြောက်တယ်။ ကပ်မိရင် ခွာလို့ရဘူးတဲ့ ။ လူကြီးတွေပြောတာ။ မိုးကြိးပစ်မှ ကွာတာတဲ့။ နောက်တာနော်...အတည်။




ရုတ်တရက်ကြည့်လိုက်ရင် သစ်ရွက်ပဲ ဖြစ်ပါတယ်။ သေချာကြည့်ရင်တောင် သတိမထားမိသူဖို့ သစ်ရွက်ခြောက် လို့ပဲ ထင်စရာ ရှိပါတယ်။ အမှန်တော့ သူက တောက်တဲ့မျိုးဝင်တဲ့ သစ်ရွက်ခြောက် တောက်တဲ့ (Uroplatus phantasticus) ဖြစ်ပါတယ်။

မဂါဒတ်စကားနိုင်ငံမှာပဲ ရှိတဲ့ တောက်တဲ့ ဖြစ်ပါတယ်။ မဂါဒတ်စကား နိုင်ငံ ဆိုတာ အာဖရိကတိုက် အရှေ့ တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ တွင်းက ကျွန်းစု နိုင်ငံ ဖြစ်ပါတယ်။ ဘယ်နေရာမှာ
မှ မတွေ့ရပဲ ယင်းကျွန်းမှာသာ ရှိတဲ့ သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။

အရှည်အားဖြင့် ၂.၅ ကနေ ၆ လက်မအထိသာ အရှည် ရှိနိုင်တဲ့ တောက်တဲ့ ဖြစ်ပါတယ်။ သူ့ရဲ့  ထူးခြားတဲ့ အသွင် သဏ္ဍန်ကြောင့် လိုချင်သူများပြားပြီး ဈေးကြီးပေး ရောင်းဝယ်ကြပါတယ်။ ဆေးဝါးအဖြစ် လည်း သုံးစွဲသလို အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း မွေးမြူကြပါတယ်။

ဒါကြောင့် သူ့ကို ကမ္ဘာ့အလိုရှိဆုံး သတ္တဝါမျိုးစိတ်တစ်ခုအဖြစ် မှတ်တမ်းတင် ထားတယ်လို့ သိရပါတယ်။ အောက်ပါ လခ့်မှာ အသေးစိတ် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

http://en.wikipedia.org/wiki/Satanic_Leaf-Tailed_Gecko

Source: International news for myanmar

PC Tools Registry Mechanic 11.1.0.214 Silent


ကဲဒီတစ်ခါ Registry cleaner လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အမျိုးမျိုးစမ်းသုံးချင်သူများအတွက်ပါ။ Cleaner တွေကပေါလိုက်တာမှ တအားပဲ။ အခုလည်းအသစ်တစ်ခုတွေ့လို့် ပါ။ ဒီကောင်လေးက ဘာကီးမှ မလိုပါဘူး။ ရိုးရိုးလေး install လုပ်ပြီးရင် သုံးလို့ရပါပြီ။  ကျွန်တော်နဲ့တော့ မကိုက်ဘူးဗျ။ ဘာလို့လည်းဆိုတော့ သူက အကုန်ရှင်းတာ ၊ အင်တာနက် Browser history တွေပါရှင်းတာ။ ကျွန်တော်က  History ချန်တာကို သဘောကျတယ်။ ဒီကောင်လေးက အကုန်ရှင်းထုတ်ပစ်တော့  Firefox ကို အသစ်တစ်ခု ပြန်ပြန် သုံးနေရသလိုဖြစ်နေတာ။ အသုံးလိုမည့်သူများအောက်မှာ ဒေါင်းလိုက်ပါ။ 


To download >> Mediafire 


အားလုံးကိုလေးစားလျက်.....

Friday, October 19

VueScan Pro + serial key (For printer )


ဒီတစ်ခါတော့ ဓာတ်ပုံတွေကို Scan ဖတ်ပေးတဲ့ ဆော့ဝဲလေး တင်ပေးလိုက်ပါတယ်။ ဒါလေးကို Printer အသုံးပြုသူများအတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်။  Printer  အတွက် ဓာတ်ပုံ Scan ဖတ်ဖို့ ဆော့ဝဲလိုအပ်ပါတယ်။ အဲဒါ မဝယ်ရလေအောင် Printer သမားများအတွက်ပါ။ 32-bit နဲ့ 64-bit ပါ ပါတယ်။ အသုံးလိုမည့်သူများအောက်မှာ ဒေါင်းလိုက်ပါ။ Serial key လည်းပါတယ်။



To download >> Mediafire 

To download >> Adrive 

အားလုံးကိုလေးစားလျက်.......

Wednesday, October 17

မလိုချင်သော Mail များ ထပ်ဝင်မလာအောင်လုပ်မယ်


ကျွန်တော် ဒီတစ်ခါ Gmail မှာ Filter ခံနည်းလေးပြောပြပါ့မယ်။ မသိသေးသောသူများအတွက်ပါ။ သူငယ်ချင်း တစ်ယောက်ကပြောတယ် သူ့မှာ မေးလ်တွေ  ၃၀၀၀ လောက်ရှိတယ်တဲ့။ အဲဒါ ဘယ်လိုလုပ်ရမလဲတဲ့ ။ သူက ning.com ဆိုက်တွေဝင်ထားတော့ မေးလ်တွေက တောက်လျှောက်ဝင် နေ တာပေါ့။ သူကအဲလိုမကြိုက်ဘူးတဲ့။ ဆိုက်တွေကနေ မေးလ်မဝင်အောင်လုပ်လို့လည်းရတယ် ။ ဒါပေ့မယ့် တခြားဘယ်ကမှန်း မသိတဲမေးလ်တွေပါ ဝင်ဝင်လာလို့ တဲ့။ အဲဒါနဲ့ ကျွန်တော်ဒီနည်းလေးပြော ပြလိုက်တယ်။ အဆင်ပြေသွားတယ်။ Filter ခံတဲ့ နည်းလေးက ကျွန်တော်တို့မ နှစ်သက်တဲ့ မလိုချင်တဲ့ မေးလ်တွေကို auto Delete  လုပ်ပေးတာဖြစ်ပါတယ်။

အဆင့်(၁) ကျွန်တော်တို့အရင်ဆုံး မဝင်ချင်သောမေးလ်ကိုဖွင့်လိုက်ပါ။ ဖွင့်ပြီပြီဆိုရင် ပေါ်ဘက်နားလေးက More ဆိုတာလေးကို ကလစ်ပေးပြီးတော့  Filter message like these ဆိုတာကို ကလစ်ပေးပါ။

အဆင့်(၂) အဲဒါပြီးရင် နောက်ထပ် Create filter with this search>> ဆိုတာကိုကလစ်ပေးပါ။


အဆင့်(၃) နောက်တစ်ခုမှာ Delete it နဲ့ Also apply filter to 2 matching conversions ဆိုတာမှာ အစက်ကလေးထည့်ပြီးတော့ Create Filter ကို ကလစ်ပေးလိုက်ပါ။ ဒါဆိုရင်ပြီးပါပြီ။
မှတ်ချက်။ Also apply filter to 2 matching conversions မှာ က နှစ်ခုဖြစ်နိုင်သလို အများကြီးဖြစ်နိုင်ပါတယ်။



အဆင်ပြေကြပါစေ......

အားလုံးကိုလေးစားလျက်.......

Tuesday, October 16

ကျန်းမာရေးအတွက် သတိပြုဖွယ် အချက်တစ်ချို့


မျက်နှာသစ်ရာတွင်


မျက်နှာသစ်ရာတွင် ဆပ်ပြာလျှော့သုံးပါ၊ ဖြစ်နိုင်လျှင် ဆပ်ပြာမသုံးပါနဲ့၊ ရေပူ ရေအေး တလှည့်စီဖြင့် မျက်နှာကိုပွတ်ပေးခြင်းသည် ပို၍ မျက်နှာအရေပြားကို ပိုမိုသန့်ရျင်း ကျန်းမာတင့်တယ်စေပါသည်၊ ပွတ်သည့်အခါတွင် အောက်မှအထက် အပြင်မှ အတွင်းသို့ ပွတ်ရပါမည်၊ နေ့စဉ် မျက်နှာသစ်သည့်အခါတွင်
များသောအားဖြင့် အထက်မှ အောက်သို့သာ ပွတ်လေ့ရှိသည်၊ ဤသို့ပြုခြင်းသည် သွေး
လည်ပတ်မှု လမ်းကြောင်းနှင့် ဆန့်ကျင်နေ၍ ပါးရေတွန့်ခြင်း၊ အရေပြားတွဲကျခြင်းတို့ကို ပိုမိုမြန်ဆန်စေပါသည်။

Monday, October 15

ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာ





ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာကတော့ စင်္ကာပူနိုင်ငံက မလေးရှားလူမျိုး ကလေးငယ် Lim Ding Weng ဖြစ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ပါတယ်။

သူဟာ အသက် ၇ နှစ်အရွယ်ကတည်းက ဆော့ဖ်ဝဲ Developing ပညာရပ် ကိုလေ့လာ အသုံးချခဲ့သူ ဖြစ်ပါတယ်။ Doodle Kids အမည်ရ App ကို ဖြန့်ဝေပြီး စစချင်း iTune စတိုးမှာ ဒေါင်းလုခ်ဆွဲမှု အကြိမ်ပေါင်း ၈သိန်း၈သောင်း ကျော်လွန်ခဲ့ပါတယ်။ ယင်း App ကို စတင်ဖန်တီးစဉ် ၁၉၈၆ ခုနှစ် နောင်းပိုင်းကထုတ်တဲ့ Apple IIGS ကွန်ပျူတာနဲ့ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ Doodle Kids app ရဲ့ အောင်မြင်မှုကြောင့် Android ဗားရှင်းတောင် ဆက်လက် ဖန်တီးလိုက် ပါသေးတယ်။ အမေရိကန်က CNN ရုပ်သံလိုင်းမှလည်း အင်တာဗျူးခဲ့ပြီး စင်္ကာပူမြို့ ရဲ့  ဂုဏ်ရှိန်ကြီးရတဲ့ အကြောင်းအရင်းမှာ ယင်းကလေးငယ် Lim Ding Weng ကို ထည့်သွင်းခဲ့ပါတယ်။
Doodle Kids အပြင် Invader War တို့လို နာမည်ကြီး app နဲ့ အခြား application ပေါင်းများစွာကိုလည်း တီထွင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း Invader War 2 ရေးဆွဲလုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ သူဟသာ Objective-C, Java, JavaScript နဲ့ ActionScript တို့လို အခြား ဆော့ဖ်ဝဲ/ပရိုဂရမ်များကို ကောင်းကောင်းအသုံးချ၊ရေးဆွဲ တတ်သူ တစ်ဦး ဖြစ်နေပြီလို့ သိရပါတယ်။

မြန်မာပြည်မှာဆိုရင်လည်း အသက် ၁၀ နှစ်မပြည့်သေးပဲ ဒိုတာဂိမ်းကောင်းကောင်း ဆော့ကစားနိုင်တဲ့ ကလေးငယ်များ၊ ဂျပန်ကာတွန်းထဲမှာ ဇာတ်ကောင်အားလုံး အလွတ်ရနေသူများ၊ ဂိမ်မာကြီးတို့နဲ့ ယှဉ်ပြိုင်ဆော့ကစားနိုင်တဲ့ ကလေးငယ်များ၊ PSP ဂိမ်းကို ဆရာတစ်ဆူလို ဆော့ကစားနိုင်တဲ့ ကလေးငယ်များ ရှိနေပါတယ်။

ယင်းကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုင်တီဆိုင်ရာ ကုန်ပစ္စည်းများကို စိတ်ဝင် စားပြီး ဝါသနာ ပါပါ ကိုင်တွယ်နေတတ်တဲ့ ကလေးငယ်များ ကို သေချာလေ့ ကျင့်သင်ကြားပေးရင်၊ အိုင်တီနဲ့ ဆက်စပ်ပညာများ သင်ကြားပေးရင် အလွယ်တကူ တတ်မြောက်နိုင်ပါတယ်။ စာဖတ်သူတို့ရဲ့  အသိုင်းအဝိုင်းထဲမှာ ယခုလို ထူးချွန်တဲ့ ကလေးငယ်များရှိရင် လမ်းမှားမရောက်အောင် နည်းပညာဆိုင်ရာ အသိနဲ့ ပညာများ သင်ကြား လေ့ကျင့်ပေးစေလိုပါတယ်။ 
မူရင်း >> TechSpace Journal
အားလုံးကိုလေးစားလျက်..... 

Windows တင်ပြီးလိုအပ်သောဆော့ဝဲများယူရန်


ဒီတစ်ခါတော့ ဆိုက်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်သိထားတာ လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက်ကပဲ။ မတင်ဖြစ်တာ။ အခုမှ ဖိုင်တွေ လျှောက်ရှာရင်း တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဒီဆိုက်ကို တော်တော်များများ သိပြီးသားဖြစ်ပါတယ်။ မသိသေးသောသူများ အတွက်ရည်ရွယ်ပြီး တော့ တင်လိုက်တာပါ။ အဲဒီမှာသုံနည်းက မိမိလိုတာလေးတွေကို အမှန်ခြစ်လိုက်ခြစ်လိုက်ပါ။ ပြီးရင် အောက်နား က Get Installer ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် ဒေါင်းလော့ချပြီးဖြစ်ပါတယ်။ 



အားလုံးကိုလေးစားလျက်.....

Sunday, October 14

မင်းသဘော ( Bobby Soxer )


ကဲ ဒီနေ့တော့ သီချင်းနားထောင်နေတယ်။ သူငယ်ချင်းတို့လည်း နားထောင်ရအောင် တင်ပေးလိုက်တယ်။  Bobby Soxer သီချင်းအသစ်လေးပါ။ Bobby Soxer ကြိုက်တဲ့သူများ အောက်မှာ နားဆင်လိုက်နော်။ စိုးသူ ကတော့ Bobby Soxer ဆို အသေကြိုက်တယ်။



အားလုံးကိုလေးစားလျက်........

Saturday, October 13

PDF ဖိုင်တွေကို password ပေးမယ်


ကဲ ဒီတစ်ခါတော့ PDF ဖိုင်တွေကို password ပေးတဲ့ ဆော့ဝဲလ်လေးတစ်ခု တင်ပေးလိုက်ပါတယ်။ အသုံးပြုနည်းလေး ရောပေါ့ ဗျာ။ မူရင်း PDF ဖိုင်လေးပါ တင်ပေးထားပါတယ်။ အရင်ဆုံး ပေးထားတဲ့ ဆော့ဝဲလ်လေးကို install လုပ်လိုက်ပါ။ 

အဆင့်(၁) ပေးချင်သော Miscrosoft office ဖိုင်ပေါ်ကို right click ထောက်ပါ။ အဲဒီမှာ Create PDF and Bitmap Files with PDFCreator ဆိုတာကိုကလစ်ပေးပါ။ 


အဆင့်(၂) နောက်ထပ် Box တစ်ခုပေါ်လာရင် Print ဆိုတာကို ကလစ်ပေးပါ။


Any Video Converter software + crack


ဒီတစ်ခါတော့ Video converter လေးတစ်ခုတင်ပေး လိုက်ပါတယ်။ Crack ထည့်နည်းလေးက ခါတို်င်းလိုပါပဲ။     avcdrm.dll ဖိုင်လေးကို c program  ထဲက any video conerter လေးထဲမှာ copy and paste လုပ်ပါ။ အဲဒါမှာ ကီးမတောင်းမှာဖြစ်ပါတယ်။ အသုံးလို့မည့်သူများအောက်မှာဒေါင်းလိုက်ပါ။



To dwonload >> Mediafire

To download >> Adrive

အားလုံးကိုလေးစားလျက်.....

Friday, October 12

Control panel ဖျောက်နည်း


ဒီတစ်ခါ Control Panel ဖျောက်နည်းလေးပြောပြချင်ပါတယ်။ မသိသေးသောသူများအတွက်ပါ။  အကြောင်းအမျိုးမျိုးကြောင့် ဖျောက်ချင်တယ်ဆိုပါဆို့။  ဥပမာ- မိမိစက်ထဲက  Program တွေကို သူများ  မဖျတ်နိုင်အောင် ၊ တစ်ခုခုကိုပြင်လို့မရအောင်ပေါ့။

အဆင့်(၁) အရင်ဆုံး run box မှာ  gpedit.msc လို့ရိုက်ပါ။


အဆင့်(၂) Local Group Policy Editor  box အကြီးကြီးပေါ်လာပြီဆိုရင် အောက်ပါအတိုင်းအဆင့်ဆင့် သွားပါ။ User Configuration >>Administrator Templates >> Control Panel ထိ ရောက်အောင်သွားပါ။ 


Wednesday, October 10

Advanced System Care 6 Beta 1.0


ဒီတစ်ခါတော့ cleaner လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ဟိုးအရင်ကလည်းသုံးဖူးတယ်။ အခုက update လေးဖြစ်လို့ တင်ပေးလိုက်ပါတယ်။ ဘာကီးမှမလိုပါဘူး ။ သုံးရတာလဲအဆင်ပြေပါတယ်။  အကုန်လုံးကို ရှင်းသွားတာပဲ။ ဘယ်လောက်ထိအောင်လဲဆိုရင် Firefox history တွေပါအကုန်ရှင်းတယ်ဗျာ။ အဲဒီတော့ စက်ကို ပေါ့စေတာပေါ့ဗျာ။  အသုံးလိုမည့်သူများအောက်မှာ ဒေါင်းလိုက်နော်။   စတိုင်အလန်းလေးပဲ။ ccleaner update တော့ရှိတယ်။ ဒါပေ့မယ့် ကျွန်တော် ccleaner ထက် ကျွန်တော်တင်ပေးထားတာတွေက ပိုကောင်းတယ်ထင်လို့ပါ။ ကျွန်တော် ccleaner မသုံးပါဘူး။


To download >> Mediafire

To download >> Adrive

အားလုံးကိုလေးစားလျက်.....

Tuesday, October 9

Zuma revenge game for pc


ဒီတစ်ခါတော့ ဂိမ်းလေးတစ်ခုတင်ပေးလိုက်ပါတယ် ။  ငယ်ငယ်တုန်းက ဆော့ခဲ့ဖူးတဲ့ ဂိမ်းလေးပါပဲ။  ဗားရှင်းကတော့ မြင့်လာတာပေါ့ဗျာ။ ဆော့ရတာလဲ မိုက်တယ်။  အဟောင်းနဲ့တော့ မတူဘူး။ level မြင့်လာလေ ဆော့ရခက်လေပဲ။ ကျွန်တော်တော့ သဘောကျတယ်။ သူက ရောက်တဲ့နေရာမှာ save လုပ်ထားလို့လည်းရတယ်။  ကိုအောင်လေး ဘလော့ကနေ မ လာခြင်းဖြစ်ပါသည်။ လိုချင်တဲ့သူများ အောက်မှာ ဒေါင်းလိုက်ပါ။ ဖိုင်ဆိုဒ်က  96.5 MB ရှိပါတယ်။

တစ်လက်စတည်း ပြောလိုက်အုံးမယ် အခု လင့်နှစ်ခု တင်ပေးထားပါတယ်။ Mediafire နဲ့ Adrive ပါ။ အဲဒီဆိုက်နှစ်ခုမှာ upload တင်တဲ့အခါ Adrive မှာ upload တင်တာပိုမြန်ပါတယ်။ Mediafire က နည်းနည်း ကြာပါတယ်။  Blogger တွေအတွက်ပါ။


To download >> mediafire 

To download >> Adrive

အားလုံးကိုလေးစားလျက်....

Monday, October 8

မိမိ ဘလော့ကို Andriod ဖုန်းမှ ကြည့်ရန်


ကျွန်တော့် ဘလော့လေးကို Andirod ဖုန်းကနေကြည့်လို့ရအောင် ကို ဖြူသားလေး လုပ်ပေးထား လို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ပေးထားတဲ့လင့်ကနေ App လေးဒေါင်းပြီး Andriod ဖုန်းထဲမှာ install လုပ်ထားရင်  ကျွန်တော့် ဘလော့ကို ဖုန်းကနေကြည့်လို့ရပါပြီ။  အစ်ကို ဖြူသားလေးကို အရမ်းကို ကျေးဇူးတင်ပါတယ်။ အဲလိုပဲ မိမိတို့ဆိုက်တွေကိုလည်း လုပ်ချင်တယ်ဆိုရင် တခါတည်းပြောပြပါ့မယ်။ လွယ်လွယ်လေးပါ။ အရင်ဆုံး အောက်ဆုံးမှာပေးထာသော လင့်လေးကိုအရင်သွားပါ။

အဆင့်(၁) ဒီလင့်  လေးကိုသွားပါ။


အဆင့်(၂) အဲဒီအပေါ်ကပုံလေးလို ပေါ်လာပြီဆိုရင် CREATE NOW ! ဆိုတာကိုကလစ်ပေးပါ။ ပြီးရင် Website ကိုကလစ်ပေးပါ။  Website URL မှာ မိမိတို့ ဆိုက်လင့်ကိုထည့်ပါ။ App name မှာမိမိတို့လိုချင်သော နာမည်ကိုရိုက်ထည့်ပါ။ ပြီးရင် create ဆိုတာကိုနှိပ်ပါ။

Wyzo Browser မှာ IDM သုံးလို့ရအောင်


ကဲဒီတစ်ခါလည်းရှာဖွေတွေ့ရှိချက်လေး တစ်ခုပြောပြပါ့မယ်။ အခုနောက်ပိုင်းမှာ Wyzo Browser က လူသုံးများလာပြီ။ သူက Firefox ထက်မြန်တယ်။  ဒါပေ့မယ် error ရှိတာက Internet Download  Manager သုံးလို့မရဘူးဖြစ်တယ်။ အခု wyzo browser မှာ IDM သုံးလို့ရမယ့်နည်းလေးပြောပြပါ့မယ်။ 

အဆင့်(၁)အရင်ဆုံး Internet Download Manager ရဲ့ option ကိုသွားပါ။


အဆင့်(၂) General tab အောက်မှာ Use advanced brower integrationကို အမှန်ခြစ်ပေးပါ။ အဲဒီအစက်လေးထည့်ပြီးရင် restart ချပေးရပါမယ်။  အမှန်ခြစ်ပေးပြီး ဖြစ်ပါကမလိုပါ။ အမှန်ခြစ်ပေးပြီးပြီဆိုရင် Add Browser ဆိုတာကို ကလစ်ပေးပါ။



အဆင့်(၃) အောက်ကလိုပုံစံလေးပေါ်လာရင် ok ပေးပါ။


အဆင့်(၄) ပြီးရင် C:\Program Files\Wyzo အဲဒီအတိုင်း C program ထဲက program file ထဲမှာ Wyzo ဖိုင်ကိုရှာပါ။ ပြီးရင် wyzo exe ဖိုင်ကို ဆက်ရှာပါ ။တွေ့ပြီဆိုရင် အောက်ကပုံစံမျိုး  ရွေးပြီး open ပေးလိုက်ပါ။ ဒါဆိုရင် ရပါပြီ။


ကဲတစ်ခုပြောချင်တာက တခြားမိမိတို့ အသစ်အသစ်သော Brower တွေသုံးတဲ့အခါ IDM လေးသုံးချင်ရင် ဒီနည်းအတိုင်းလုပ်လို့ရပါတယ်။ Wyzo browser အသုံးပြုပုံက Firefox နဲ့ပုံစံအတူတူပဲဖြစ်ပါတယ်။

Wyzo Browser လိုချင်တယ်ဆိုရင် ဒီမှာ သွားပြီး ဒေါင်းလော့ချပါ။ 

အဆင်ပြေကြပါစေ....

အားလုံးကိုလေးစားလျက်....

မိမိနားထောင်နေတဲ့သီချင်း gtalk မှာပေါ်အောင်


ဒါလေးက သိတာတော်တော်ကြာပြီ။ ဘာလို့မတင်လဲဆိုတော့ ကိုယ်တိုင်သုံးလို့မရလို့ မတင်ဖြစ်တာ  ။ ကျွန်တော်ဆီမှာ  windows media player ထဲက option>> plug in >> Background မှာ Google Talk Music Plugin ဆိုတာ မပါဘူးဗျ။ အဲဒါကြောင့်ဘယ်လိုအမှန်ခြစ်ပေးရမလဲဆိုတာ အဖြေရှာနေတာ ကြာပြီ။ သူများစက်တွေကျ ရပြီး င့ါစက်မှာဘာလို့မရလဲပေါ့။ သူများတွေလိုက်မေးတော့လည်း  အပေါ်က ပြောထားတဲ့အတိုင်းပဲလုပ်ရတာတဲ့။ ဒီမှာမပါဘူးဆိုတော့ windows media  version မတူလို့နေမှာဆိုပြီး သူတို့သုံးတဲ့ version ကိုလိုက်သုံးတယ် ဒါလည်းမရဘူး။ ဒါပေ့မယ့်အဲလိုပါအောင်လုပ်တာ အခုမှသိတော့တယ်။ Google Talk Music Plugin မပါရတဲ့ အကြောင်းအရင်းက gtalk စပြီး install လုပ်ကတည်းကစတာဗျာ။ ကျွန်တော်က ဆော့ဝဲလ်တစ်ခုခု install လုပ်ရင် left click နှစ်ချက်နှိပ်ပြီးသုံးတယ်လေ။ အဲဒါကြောင့်မရတာပေါ့။ Gtalk ကိုစ install လုပ်ကတည်းက run as administartor ဆိုပြီး install လုပ်ရင် ခုနကပြောတဲ့ Google Talk Music Plugin လေးက windows media မှာ ပေါ်လာပြီဗျာ။ 

Sunday, October 7

ဆေးလိပ်မသောက်ရတဲ့ အကြောင်းအရင်း



ဒီနေ့တော့ ကျွန်တော် ဆေးလိပ်မသောက်ရတဲ့ အကြောင်းအရင်းလေးပြောပြချင်ပါတယ်။ သူများတွေ ဆေးလိပ်ကို ဘာလို့သောက်လဲ ကျွန်တော်မသိဘူး။ ကျွန်တော်စဉ်းစားမိ သလောက်တော့ ကောင်းကျိုးတစ်ခုမှ မရှိဘူး။ ဒါက ကျွန်တော့်အမြင်ပေါ့။ သောက်တဲ့  သူတွေကလည်း ကောင်းလို့သောက် တာထင်ပါ့။  ငယ်ငယ်ကတည်းက ဆေးလိပ်ဆိုရင်အငွေ့ရှူမိတာနဲ့ မူးနောက်နေတာပဲ။  ဆေးလိပ်ကောင်းကျိုးကို အခုထိရှာ မတွေ့သေးဘူး။ ဆေးလိပ်ဘူးတွေ မှာတောင်ရေး ထားတာပဲ ။ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေး ကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။ ကဲကြည့်နော် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည် လို့ ရေးထားလို့သာ တော်တော့ရယ်။ ကျန်းမာရေးကို အလွန်ကောင်းမွန်ပါသည် ဆိုရင်တော့ တစ်နေ့တစ်နေ့ သောက်လိုက်ကြ မယ့်ဖြစ်ခြင်းပဲ။ ဆေးလိပ်ကအငွေ့ ရှူမိတာနဲ့မူးတာ သောက်တဲ့သူတွေကဘာ လို့မမူးလဲမသိဘူး။ ဆေးလိပ်ကို မသောက်ချင်ပါဘူးဆိုမှ လူကြီးတွေကလည်း သင်ပေးတယ်ဗျာ။ ဘယ်လိုသင်ပေး လည်းသိတယ်လား ။ ဦးလေးကြီးတွေပိုဆိုးတယ်။ ဟဲ့ကောင်လေး ဆေးလိပ်မီး သွားညှိစမ်းတဲ့။ ရိုးရိုးညှိခိုင်းတာ မဟုတ်ဘူး။ အမူအရာနဲ့ မီးခဲကိုတို့ပြီး ဖွာခဲ့တဲ့။ သူတို့ကရိုးရိုးလေးခိုင်းတာနော် ။တကယ်တော့ ဆေးလိပ်သောက် တက်အောင် သင်ပေးနေတာနဲ့ အတူတူပါပဲ။  မြို့ကြီးတွေမှာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့လိုတောမကျ မြို့  မကျကတော့ ဒီလိုအဖြစ်လေးတွေရှိတာပေါ့။  အဲလိုမျိုး လူကြီးတွေရှိခဲ့လို့လည်း ငယ်ငယ်လေးနဲ့ ကလေးတွေ ဆေးလိပ်ခိုးသောက်တာတို့  ဖြစ်လာတာပေါ့။ ကလေးဆို တာကလည်း အတုမြင်အတက်သင် ပဲလေ။ အဲလိုလက်တွေ့ကျကျသင်ပေးတော့ပို ဆိုးတာပေါ့နော်။

ငယ်ငယ်က တစ်ညနေမှာပေါ့။ မေမေနဲ့ အသိတစ်ယောက်အိမ်ကိုသွားလည်ကြတယ်။ အဲဒီတုန်းက လေးတန်းလားပဲရှိသေးတယ်။  အဲဒီမှာ ဦးလေးကြီးတစ်ယောက်ရှိတယ်။  စကားစပ်မိကြရင်း သူ့သားဆေးလိပ်တွေ အရမ်းသောက်တဲ့အကြောင်းပြောလာတယ် ။ ဘယ်လိုမ ပြောလို့ မရတဲ့အကြောင်းပေါ့။ အဲဒါ လူကြီးတွေပြောနေတာကို နားထောင်နေတာ ။ အဲဒီကြောင်းပြောပြီးတော့ ဖိုးသားတဲ့ မင်းလည်းမှတ်ထားတဲ့။ မင်းလည်း ကြီးလာရင် အဲလိုဖြစ်မှာတဲ့။ အခုငယ်တုန်းမို့လို့ မသောက်တာတဲ့။ စိတ်ထဲမှာတော့ တင်းတာပေါ့။ သူကင့ါကို ဘာလို့အဲလို သေ ချာတပ်အပ် ပြောနိုင်တာလဲ ပေါ့။ အဲဒီတော့ပြန်ပြောလိုက်တယ်။ ဟာ ဦးလေးကလည်း ကျွန်တ်ာကမသောက်ဖူးလို့။ ဦးလေးသားလိုလည်းဖြစ် လာမှမဟုတ်ဘူးလို့ပြော လိုက်တယ်။ အဲဒါမင်းကငယ်သေးလို့ ပြောတာတဲ့။ ဒါနဲ့ ဘယ်လိုမှပြောလို့မရဘူး ။ အဲဒါနဲ့ ကျွန်တော် ဦးလေးကို ကတိပေးတယ်လို့။ ကျွန်တော်ကြီးလာရင် ဆေးလိပ်လုံးဝမသောက်ဘူးလို့ပေါ့။ အဲဒီကတိစကားက အခုချိန်ထိကို ခေါင်းထဲမှာ သံမှိုနဲ့ ရိုက်ထားသလိုကို မှတ်ထားတာ။  ဆေးလိပ်သောက်ဖို့ အပေါင်းသင်းတွေလာပြောလည်း လုံးဝကို မသောက်တာ။ ဘယ်တော့မှလည်းဆေလိပ်သောက်ဖို့  စိတ်ကူးမရှိဘူး။  ကျွန်တော်ဆေးလိပ်မသောက်ရတဲ့ အဓိက အကြောင်းအရင်းက အဲဒါပဲ။  ဒါပေ့မယ့်  ကြီးလာတဲ့အခါ စာအုပ်လေးနည်းနည်းပါးပါးဖတ်ဖြစ်တော့ ဆေးလိပ်ရဲ့ဆိုးကျိုးတွေ သိလာတာပေါ့။ အဲဒါကြောင့်လည်း မသောက်ဖြစ်ဘူး။ ကဲ ဆေးလိပ်ကို မသောက်နဲ့လို့ငယ်တုန်းပဲပြောလို့ရမယ်။ ကြီးတဲ့သူကိုဆေးလိပ်မသောက်နဲ့လို့ ပြောလို့ ဘယ်လိုမှကိုမရတာ။  သူငယ်ချင်းတို့လည်း ဆေးလိပ်ကို မသောက်ကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ် ။

အားလုံးကိုလေးစားလျက်......

English Joke မှ ဟာသပုံလေးများ











TuneUp 2013 + crack


ဒီတစ်ခါတော့  Tune up အသုံးပြုသူများအတွက် နောက်ဆုံးဗားရှင်းလေးတင်ပေးလိုက်ပါတယ် ။   တစ်ချို့ cleaner ဆိုရင် Tune up မှ သုံးတာ။ အဲလိုအသုံးပြုသူများအတွက်ပါ။ ဒီကောင်လေးက လည်း တစ်မျိုးကောင်းတာပဲ ။  မသုံးဖူးသေးရင်လည်း သုံးကြည့်ပေါ့ဗျာ။


To download >> mediafire

Saturday, October 6

Windows 7 (၄၈) မျိုး ISO ဖိုင်


ကျွန်တော် ဒီတစ်ခါ windows 7  ISO ဖိုင်လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ဒီဖိုင်လေးထဲမှာ windows 7 အမျိုးအစား  ၄၈ မျိုး ပါတယ်။  32-bit အတွက်ရော၊  64-bit အတွက်ရော ပါတယ်။  ဒီ iso ဖိုင်လေးကို CD လေးနဲ့ burn ထားရင် တစ်ခွေထဲနဲ့ ကြိုက်တာရွေးပြီးသုံးလို့ရတာပေါ့ဗျာ။  ဖိုင်ဆိုဒ်ကတော့ 4 G နီးပါးရှိတယ်။ upload တင်တာ တောင်  နှစ်ရက်နီးပါးကြာတယ်။ အသုံးလိုမည့်သူများေ အာက်မှာဒေါင်းလိုက်ပါ။ 


To download >> part 1

To download >> part 2

To download >> part 3

To download >> part 4

အားလုံးကိုလေးစားလျက်......

Friday, October 5

Hard Disk ထဲက partition တစ်ပိုင်းပျောက်နေပါလား


ဒီတစ်ခါတော့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ error တစ်ခု ကိုပြောပြချင်ပါတယ်။ သူက ဝင်းဒိုးတင်ပြီးတဲ့ နောက်ပိုင်းမှာ partiton ခွဲထားတာက သုံးခု နှစ်ခုပဲ ပေါ်နေတယ်။ အဲဒါဘယ်လိုပြန်ပေါ်အောင်လုပ်ရမယ်ဆိုတာ ပြောပြပါ့မယ်။ မသိသေးသောသူများ အတွက်ပါ။  အရင်ဆုံး My computer ပေါ်ကို right click ထောက်လိုက်ပါ။ ပြီးရင် Disk Management ကလစ်ပေးပါ။ ပြီးရင် ပျောက်နေသော partition ကိုရှာပါ။ အဲဒီပေါ်ကို right click ထောက်ပါ။ change Drive latter and paths ကို ကလစ်ပေးပါ။ အဲဒီမှာ  C ရယ် D ရယ်က လွဲလို့ တခြား တစ်ခုခုကိုရွေးပါ။ ပြီးရင် ok ပေးပါ။ ဒါဆိုရင် ပျောက်နေတဲ့ partition ပေါ်ပါပြီ။ 





အဆင်ပြေပါစေ........

အားလုံးကိုလေးစားလျက်.......

Wednesday, October 3

မြန်မာစကားပုံများ


ဒီတစ်ခါတော့ မြန်မာစကားပုံလေးတွေ ကို စိတ်ဝင်စားသူများအတွက် စကားပုံလေးတွေ တင်ပေးလိုက်ပါတယ်။  ကကြီး ကနေ အ အထိ ပါတယ်။ 

က

၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”
၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး”
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား”
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”

Tuesday, October 2

ခြင်ဆေးတစ်ခွေအငွေ့က စီးကရက် အလိပ် ၁၀၀ နဲ့ ညီမျှတယ်



ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ သတင်းလေးကတော့ ခြင်ဆေးခွေတစ်ခွေကထွက်တဲ့ ခြင်ဆေးငွေ့တွေဟာ စီးကရက် အလိပ်တစ်ရာ နဲ့ ညီမျှတယ်ဆိုတဲ့ သတင်းလေးဖြစ်ပါတယ် ။

ခြင်ဆေးခွေတစ်ခွေကထွက်တဲ့ ခြင်ဆေးငွေ့တွေဟာ စီးကရက် အလိပ်တစ်ရာ နဲ့ ညီမျှတဲ့အတွက် အိန္ဒိယမှာရှိတဲ့လူတွေတော်တော်များများရဲ့ကျန်းမာရေးကို ထိခိုက်စေခဲ့ပါတယ် လို့ ပညာရှင်တွေကပြောကြားခဲ့ပါတယ် ။

“ လူတော်တော်များများ မသိကြသေးပါဘူး ဒါပေမယ့် အဆုတ်ကို ခြင်ဆေးခွေတစ်ခွေက
ထိခိုက်စေနှုန်းဟာ အဆုတ်ကို ဆေးလိပ်အလိပ်တစ်ရာက ထိခိုက်စေနှုန်းနဲ့ညီမျှပါတယ် .. ဒါဟာ မလေးရှားမှာ လတ်တလောပြုလုပ်ထားတဲ့လေ့လာစမ်းသပ်မှုတွေကနေ ဖော်ပြနေခြင်းဖြစ်ပါတယ် ” လို့ Chest Research Foundation director တစ်ဦးဖြစ်သူ ဆန်ဒိဆယ်ဗီ က ပြောကြားခဲ့ပါတယ် ။

ကိုသက်တန့်ချို

Monday, October 1

Viber ကဲ့သို့ ဖုန်း Free ခေါ်တဲ့ Aire Talk


Viber ကိုတော့ မြန်မာတွေ တော်တော်များများ သိကြပါတယ်။ Wifi Connection ရရင် Free SMS နဲ့ Free Voice Call တွေရတဲ့အတွက် ဖုံးဖိုးချွေတာလိုတဲ့ သူတွေအဖို့ အများကြီး အဆင်ပြေခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း Viber ကို တော်တော်များများ အသုံးပြုလာကြပါတယ်။ ဖုံးပြောတာနဲ့ SMS အပြင် Viber က တခြား Feature တွေမပါတဲ့အတွက် အပြည့်စုံဆုံး App တစ်ခုတော့ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။

Aire Talk: Free All in One Communication App
အခုပြောပြမဲ့ App ကတော့ Viber ကဲ့သို့ Free Phone Call/Free SMS အပြင် Free Video Call, Walkie Talkie, Image Sharing, File Transfer အပြင် မိမိရောက်နေတဲ့ Location ကိုပါ သူငယ်ချင်းတွေအချင်းချင်း အပြန်အလှန် ပေးပို့ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။  Feature တွေပိုမို စုံလင်တဲ့အပြင် Adv Free လဲ ဖြစ်ပါတယ်။ ကြော်ငြာတွေ မတွေ့ရပါဘူး။